ကိုယ်ဝန်ဆောင်ရက်နောက်ဆုံးနေ့။နောက်နေ့ဒီအချိန်ဆို ငယ်သံပါနေမယ်ဆိုတာမသိဘဲ ညနေဘက် ထုံးစံအတိုင်း လမ်းလျောက် အပြန်စျေးဝင်ဝယ်ရင်း မရိုက်စဖူး ရိုက်ပေးတဲ့ပုံလေး။
တတ်နိုင်သလောက် ဗိုက်ထဲမှာ အချိန်စေ့နေစေချင် သလို ရက် ကျော်မှာလည်းစိုးတယ်။ ဗိုက်နာတယ်ဆိုတာ ဘယ်လိုနာမှာလည်းမသိတော့ စိတ်ကလည်း ပူ။ နာနည်းမျိုးစုံ စိတ်ကူးနဲ့ နာကြည့်။ တစ်ပတ် အလိုရောက်တာတောင် သရိုးသရီဘာမှမဖြစ်တော့ အရင်ထက် လမ်းကိုဖိလျောက်တာ ။
ကိုယ်က နဲနဲ လျောက် မယ်ပြောရင် ဘောစိဆရာက တဝေးကြီးပတ်ခေါ်သွားတာ ။ ကိုယ့်မှာ ဗိုက်ပိနေတော့ ခြေထောက်ကခဏခဏ အကြောတင်ပြီး ဆယ်လှမ်းတစ်ခါလောက် “အား..ခဏ ခဏ ” ပြောပြီး အကြောတင်တဲ့နေရာလေးကိုနှိပ် လိုက် ပြန်လျောက်လိုက်လုပ်ခဲ့ရတာ။
နောက်တော့ အဝေးကြီး ပတ်လျောက်ခိုင်းမှာစိုးလို့ ” golf သွားကျင့်လေ လိုက်စောင့်ပေးမယ် “ပြောရတယ်။ ဒါဆို golf club အထိ လျောက် ထိုင်စောင့် အပြန်မှာ ညလယ်စာစား စျေးဝယ် လုပ်လို့ရတယ် ။ ဉာဏ်သုံးရတာပေါ့။
ဒါတောင် မီးပွိုင့် အနီမပြောင်းခင် လက်ဆွဲပြီးအတင်းပြေးကူးမယ်လုပ်တာ ခဏခဏ။ ကိုယ်တော့ ခြေကန်ပြီး လက်အတင်းဆွဲထားတာ မကူးဘူး လုံးဝမကူးဘူးပဲ။ လမ်းလယ်ကောင် အကြောတင်သွားလို့ကတော့ မလွယ်ဘူးလေ ။ တိုးလို့တန်းလန်းကြီးဖြစ်နေမှာ။ လမ်းလျောက် ပုံကလည်း ပင်ဂွင်းငှက် လမ်းလျောက် နေသလိုပဲ။စဉ်းစားကြည့်ပါ မျဉ်းကျားပေါ်မှာ ပင်ဂွင်းငှက် အကြောတင်နေပုံကို😂။
ပုံမှန်လမ်းလျောက် တာကြောင့်ပဲလားတော့မသိဘူး နောက်နေ့ မွေးရက် ၂ရက်အလိုမှာ သဘာဝအတိုင်း အန္တရယ် ကင်းကင်းနဲ့ မွေးလိုက်နိုင်ခဲ့တယ်။