သားလေးကို မွေးကတည်းက အချိန်အတိအကျနဲ့နေ့စဉ်အလုပ်ကို မပျက်မကွက်လုပ်ခဲ့တဲ့အကျိုးထဲက တစ်ခုက ထမင်းစားမယ်ဟေ့..လာပါဟဲ့ထပါဟဲ့ အိပ်မယ်ဟေ့ လာပါဟဲ့ တကျော်ကျော်မခေါ်ရတာပဲ။ တီဗွီပြရင် ထမင်းဝင်တယ်ဆိုတဲ့ သီအိုရီကိုလည်း လုံးဝမသုံးတော့ သားရေ ထမင်းစားမယ်လို့ခေါ်လိုက်ရင် သူက Alexa ရေ တီဗွီပိတ် လို့ပြောပြီး ထမင်းစားပွဲဆီလာ၊ လက်ဆေးမယ် လို့သူကပဲပြောပြီး လက်ဆေးပြီးရင် စားပွဲမှာ စောင့်နေတော့တာပဲ (မြန်မြန်လာမချပေးရင်တော့အော်တယ်😅)
ညလည်း ရေချိုးပေးပြီးရင် သူကစားနေတုန်း ကိုယ်ရေချိုး အိပ်ရာပြင် မခေါ်မချင်း ကစားမပျက်ဘူး။ အိပ်တော့မယ် မေမေ အိပ်ပြီ လို့ပြောလိုက်ရင် ထလာပြီး ပုံပြင်စာအုပ်တွေရွေးယူလာပြီး တူတူလှဲဖတ်ခိုင်းရော၊သူ့စိတ်ကြိုက်ဖတ်လို့ပြီးမှပဲ လူးရင်းလွန့်ရင်းနဲ့အိပ်တယ်။
အိမ်မှာဝယ်ထားတာတွေလည်း သူမအီသေးပေမယ့် စာကြည့်တိုက်သွားကျင့်လေးရအောင် စာကြည့်တိုက်ကဒ်လေးလုပ်ပြီး ပုံစာအုပ်တွေငှါးပြီး ဖတ်ပြတယ်။
ဒီနေ့တော့ မာမားတစ်ယောက်တည်း စာကြည့်တိုက်သွားငှါးလာတယ်။

၂ပတ်အထိငှါးလို့ရပြီး free ။
ကဒ်လုပ်ခကော ငှါးခပါ မပေးရဘူး။ ကိုယ်နေတဲ့ ရပ်ကွက်ထဲက ဘယ်စာကြည့်တိုက်မဆိုငှါးလို့ရတယ်။