ズーラシア 2022/5/28

#横浜ズーラシアအတွေ့အကြုံမျှဝေခြင်း

အခုမှရေးဖြစ်ပေမယ် ဒီအခါနဲ့ဆို သွားတာ၂ခေါက်ရှိပါပြီ။ခနဂဝခရိုင် ယိုကိုဟမ မှာရှိတဲ့တိရိစ္ဆာန်ရုံပါ။ တော်တော်ကိုကျယ်ဝန်းပြီး အရိပ်ကောင်း သလို တိရိစ္ဆာန်တွေအမျိုးအစား အတော်စုံသလို ပြသထားပုံကလည်း သဘာဝတော်တော်ဆန်တာပါ။ ပထမတစ်ခေါက်တုန်းက ဆောင်းအကုန်မို့ အအေးကြိုက် တိရိစ္ဆာန်တွေ ကြည်ခဲ့ရပြီး အခုတစ်ကြိမ်တော့ အရင်အခေါက်က မကြည့်ခဲ့ရတဲ့ တိရိစ္ဆာန်တွေကိုကြည့်ခဲ့ရတယ်။ဆင်၊ကျား၊ခြင်္သေ့၊သစ်ကုလားအုပ်၊ကျားသစ်၊ကြံ့၊ငှက်မျိုးစုံ၊မျောက်မျိုးစုံ၊အပြင် တခြားမြင်ရခဲတဲ့ ပိုလာဝက်ဝံ၊ပုရွက်စားကောင်နဲ့ ကိုယ်မသိတဲ့တခြားအကောင်ပလောင်တွေစုံနေရောပဲ။ ပထမအကြိမ်သွားအပြီး၊ သစ်ပင်ရိပ်တွေများလို့ နွေလည်းထပ်လာမယ်လို့တေးထားတာ ဒီနေ့ ရုပ်တရပ် သွားဖြစ်သွားတယ်။ အထဲကလျှောက်လမ်းတွေ ဖွဲ့စည်းထားပုံက Disneyland ထဲကလမ်းတွေလိုပဲ။ ကလေးရှိတဲ့မိသားစုတွေအတွက် အဆင်ပြေတာက နားနေဆောင်တွေ၊ ထိုင်ခုံတွေ၊ကလေးအိမ်သာ၊ကလေးနို့တိုက်ခန်း၊သေးခံလဲပေးလို့ရတဲ့အိမ်သာတွေ၊ ရှိတာပဲ။ကလေးကစားတဲ့ကွင်းအကျယ်၂ခုနဲ့ စားသောက်ဆိုင်ဇုံလည်း၂ခု kitchen carတွေလည်းရှိတော့ မနက်၉/ညနေ၄နာရီအထိ တနေကုန်နေလို့ အဆင်ပြေတယ်။ ကိုယ့်ဘာသာ ထမင်းဘူးယူသွားပြီး နားနေဆောင်တွေမှာ သစ်ရိပ်ကထိုင်ခုံတွေမှာ စားလည်းရတယ်။ ပင်မဝင်ပေါက်နဲ့ မြောက်ဘက်ဝင်ပေါက်ဆိုပြီးရှိတာ ပထမအခေါက်က ပင်မဘက်ကဝင်ပြီး၊ဒုတိယအခေါက်တော့ မြောက်ဘက်အပေါက်ကနေဝင်ခဲ့တယ်။ ပင်မ ဘက်ကနေဝင်ရင် အင်ဒိုဆင်တို့ကျားတို့အရင်တွေ့ရပြီး မြောက်ဘက်ကဆိုရင်တော့ သစ်ကုလားအုပ်တို့မြင်းကျားတို့ကိုအရင်ဆုံးတွေရမယ်။မနက်၉နာရီကနေ ညနေ၄နာရီအထိဆိုတော့ ကလေးနဲ့ဆို့ တစ်နေ့ထဲနဲ့အကုန်မကြည့်နိုုင်ဘူး အခု၂ခေါက်ခွဲကြည့်တာတောင် အစေ့မကြည့်နိုင်ခဲ့ဘူး။ ရာသီနဲ့လိုက်ပြီး ပြတဲ့တိရိစ္ဆာန်အမျိုးအစားလည်းကွာတော့ သွားတိုင်းမရိုးလောက်ဘူး။ ကိုယ်တော့ထပ်သွားဖြစ်ဦးမယ်။ eventတွေလည်းရှိတတ်တာမို့ ကြိုပြီး webpage ကိုကြည့်သွားရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ကိုယ်ကတော့ အေးအေးဆေးဆေး လမ်းလျောက်ကြည့်တာလေးလည်းအဆင်ပြေနေတာမို့ ကြုံမှပံကြည့်ဖြစ်ပါတယ်။ ဘယ်လိုနေရာလည်းမှန်းလို့ရအောင်ပုံတချို့တင်ပေးထားပါတယ်။ သားသားမီးမီးတွေနဲ့ quality timeလေးဖန်တီးနိုင်ပါစေ။

မြောက်ဘက်ဝင်ပေါက် ဝင်တာနဲ့ သစ်ကုလားအုပ်နဲ့မြင်းကျားတွေနဲ့တွေ့ရမယ်
၄/၅ကောင်လောက်ရှိတယ်။ဒါက ကလေးတွေ
ကလေးကစားကွင်း၁
ကလေးကစားကွင်း၂
ကလေးကစားကွင်း၂(တစ်နေရာတည်းမို့လို့)
ကျားသစ်
ချင်ပန်ဇီ(အချေနော် တစ်စက်မှအဖက်မလုပ်တာ။ သစ်ကိုင်းချိုးဝါးနေတာ တကယ့် အန်ကယ်ကြီးစတိုလ်) ၅/၆ကောင်လောက်ရှိတယ်။
ပိုလာဝက်ဝံ
လမ်းလျောက်ထွက်လာတာတဲ့
ငှက်ခြံ(ကြိုးတန်းဟိုဘက်မှာ ငှက်တွေ)
ငှက်ခြံထဲကဟင်္သာတွေ
ဒါကတော့ ရေကန်ထဲက ဖားလောင်းတွေကိုရှုစားနေတာပါ။ အထင်မသေးပါတနဲ့ မရယ်ပါနဲ့ ၊ ဖားလောင်းတွေလည်း လူကြိုက်များပါတယ်နော်။ ကလေးတွေကိုပြုံလို့။အဲ့တော့ မိဘတွေလည်း ပြုံနေရောပဲ ရေထဲမကျအောင်ဆွဲရတာ။

တခြားအများကြီးရှိပေမယ့် ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့လို့ဒီလောက်နဲ့ပဲကျေနပ်ပေးပါနော်။ သွားလည်ရင် စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ်။

၂၀၂၂/၅/၂၈