初めての江ノ島 အဲနိုရှိမသို့ပထမအကြိမ်

ဒီရက်ပိုင်း ရာသီဥတုမကောင်းတာ နေ့တိုင်းလိုလိုပဲ။ ဒီနေ့တော့ စနေလည်းဖြစ်၊ရှားရှားပါးပါး နေသာနေတော့ အပြင်သွားဖို့ လုပ်ခဲ့ကြတယ်။

မနက်ပိုင်းတော့ အိမ်အလုပ်လေးလုပ်ရင်း သားလေးနဲ့ စက္ကူညှပ်ကစားတာ အချိန်တွေကုန်မှန်းမသိကုန်သွားရော။ ရုပ်ပုံလေးတွေညှပ်ပြီး story telling လုပ်ကစားတာ သားလေးက သဘောကျလို့ ၂ခါပြန်ပြောပြရတယ်။

နေ့လည်စာစားပြီး ပြင်ဆင်ထွက်။ 鎌倉ကမာကူရလောက်ထိပဲတွေးထားတာ 江ノ電enoden အဲနိုရှိမ ရထား စီးချင်လို့ 江ノ島အဲနိုရှိမ အထိရောက်သွားရော။

ရထားရှေ့ဆုံးကနေ ရထားသမားကရထားမောင်းနေတာကို ကြည့်ပြီး သိပ်သဘောကျနေရောပဲ။

ကမ်းခြေမှာတော့ လှိုင်းကြောက်လို့ ငိုတာမှ ညံနေရော။

ပင်လယ်စာဆိုင်ဝင်စားတာ အရသာတော်တော်ကောင်းတယ်။ အဲနိုရှိမကို အခုမှရောက်ဖူးတဲ့ ကိုယ့်အမျိုးသားက နောက်တစ်ခေါက်လာဖို့တွေးနေလေရဲ့။ ၁နာရီလောက်နဲ့ရောက်တဲ့ခရီးကို ညအိပ်ဖို့အထိ ကြံနေပုံအရတော့ တော်တော် သဘောကျသွားလို့ပဲနေမယ်။ ပင်လယ်ရယ် ကမ်းခြေရယ် အစားအသောက်ကောင်းရယ် ရေပူစမ်းတွေရှိမှတော့ ထပ်လာချင်တာ မဆန်းပါဘူး။

အပြန်တော့ mono rail စီးပြန်ခဲ့တယ်။သားလေး အတွက် ရထားအမျိုးမျိုးစီးစေချင်လို့ စီးခဲ့တာ မထင်မှတ်ဘဲ သိပ်လှတဲ့ ရှုခင်းကို ရထားပေါ်ကနေမြင်ခဲ့ရတယ်။ ဝင်လုဆဲဆဲ နေလုံးကြီးရယ် ဖူဂျီတောင်ရယ်။ သိပ်ကိုလှတာပဲ။

ဒီနေ့ကတော့ မှတ်မှတ်ရရစနေနေ့လေးပါပဲ။

2022年4月9日