ပထမဆုံး ဆေးရုံမှာ သွားစစ်တဲ့နေ့
ကုတင်ပေါ်မှာ ဆရာဝန် စစ်တာ ကို မျက်နှာကြီး ရှုံ့မဲ့ပြီး ခံနေတဲ့ ကိုယ့်ကိုကြည့်ပြီး သူက ပြုံးစိပြုံးစိ လုပ်နေတာ ။ ဒီမှာက ထပြေးချင်နေပြီ။
ပဲစေ့လိုဟာလေးက လှုပ်တုတ် လှုပ်တုတ် နဲ့
ဆရာဝန် ပြပြီး အခန်းပြင်လည်းထွက်ကော မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက် နဲ့ကျလာတာ စိတ်လှုပ်ရှားပြီး ။ သူကတော့ ပြုံးစိပြုံးစိ ပဲ။ ကိုယ်က စိတ်ထဲရှိတာ မျက်နှာမှာ စကားမှာ အကုန်ပေါ်တတ်ပေမယ့်။ သူက မျက်နှာမှာ မပေါ်တတ်တော့ သတိမထားခဲ့မိပေမယ့် ခုပြန်တွေးကြည့်ရင်သူလည်း စိတ်လှုပ်ရှား နေခဲ့တာပဲလို့ သဘောပေါက်လာတယ်။ မေးရင်တော့ မလှုပ်ရှားပါဘူးပဲဖြေမှာ သိနေတယ် ။
ဒါနဲ့ ကိုယ်ဝန်အစောပိုင်းစမ်းသပ်တာက ဒီပုံလိုမဟုတ်ဘူး။ ကိုယ့်မှာ ” လာ ဟိုဘက်ခန်းက ကုတင်ပေါ်တက် စစ်မယ်” ပြောလို့ ဘေးခန်းကူး ၊ ကုတင်လည်းမြင်ရော ငါ့ဘွကြီး သွားပါပြီ လို့ မျက်ရည်တွေ ဝဲတော့တာပဲ။
သူကတော့ စပ်ဖြီးဖြီး နဲ့ ခေါင်းရင်းနား ကပ်ရပ်ရင်း ပြောင်ပြနေတော့တာ။
ဆရာဝန် ကလည်း အမျိုးသမီး မဟုတ်ဘူး အဘိုးကြီး ။ နောက်မှ သိရတာက ဆေးရုံမှာ ရှိတဲ့ မီးယပ်သားဖွား ဆရာဝန် တွေထဲမှာ လုပ်သက်အရင့်ဆုံးနဲ့ အတော်ဆုံး ဆရာဝန် ဆိုလို့ ကံကောင်းပါလားလို့ တွေးမိတယ်။
အဲ့နေ့ကစပြီး ဆေးရုံသွားတိုင်း
အိမ်ထောင်ပြုတာ ယောကျာ်း တစ်ယောက်တည်းနဲ့ပြီးပြတ်တဲ့ ကိစ္စမဟုတ်ပါလား လို့ သံဝေဂတွေရ ။
ဆရာဝန် စစ်ဖို့ အခန်းထဲမဝင်ခင်” ၁မိနစ်တောင်မကြာပါဘူး ဘာမှမတွေးနဲ့ စိတ်လျော့ စိတ်လျော့ ” ဆိုတဲ့ ဂါထာ ရွတ်တော့တာပဲ။ 😝😝😝
