The Hungry Caterpillar (はらぺこ青虫)

မေမေနဲ့ဖေဖေ့ရဲ့ Dough လက်ရာ တွေနဲ့ ကျေနပ်နေပါသော😍။ သူ့ ပိုးတုံးလုံး လေးကို ကျွေးရင်းနဲ့သူပါနှိုက်စားရသေး😂။

ကိုယ့်သားလေး စကားမပြောဘူး မပြောဘူးနဲ့၊ ၂နှစ်ပြည့်တဲ့နေ့ကစပြီး ပြောလိုက်တဲ့စကား။ တီသလား တာသလား မမေးနဲ့ သူ့အဖေဆို အူတွေကိုယားး နေရောပဲ။

ママ。。。きてよ〜。パパきてよ〜。အမေအဖေကို လာပါ ခေါ်တာကတစ်မျိုး၊ ထမင်းစားပွဲထိုင်ပြီဆို美味しそう〜。いいにおーい。ဆိုပြီး ပြောတာကတစ်မျိုး။အသံလေး ချွဲချွဲပြောတာ 😂 သီချင်းတွေကလည်း ဆိုရ၊ တခါတလေ စာသားမဆိုဘဲ တီးလုံးပဲ ညည်းဆိုတာကရှိသေး 😂။

ကလေးDevelopment ကို အားမလိုအားမရဖြစ်တိုင်း စိတ်ပင်ပန်းရတာ၊ အခုတော့သိပ်မပူတော့ဘူးလို့ စိတ်ကိုပြင်ထားတယ်။အချိန်တန်ရင် စကားပြောလာတာပဲလေ၊ စားလာမယ် ဆော့လာမယ် တတ်သင့်တာ တတ်လာမယ် မိဘက နေ့စဉ်နဲ့အမျှ နမူနာဖြစ်အောင် နေပြဖို့ပဲ ပိုကြိုးစားရမယ်လို့။ အဲ့တော့ မနက် အိပ်ရာမထချင်လည်း ကြိုးစားထနေပါတယ်…လို့ 😂

はらぺこあおむし(粘土遊び)

コメントを残す