အိမ်ဘေးကပန်းခြံထဲ သားအဖ၂ယောက်နဲ့ကစားပေးနေတုန်း တီကောင်ကျစ်စာ တွေတွေ့လို့ စိတ်တွေမရိုးမရွဖြစ်ပြီး မနေနိုင်မထိုင်နိုင် အိမ်ပြန်ပြေး အိတ်နဲ့ စိုက်ပျိုးရေးဂေါ်ပြားပြေးယူပြီး ရသလောက်ကော်ယူလာခဲ့တယ်။

အပင်တွေအတွက် ကောင်းမွန်တဲ့ အာဟာရဆိုတော့ ကိုယ့်သားသမီးတွေအတွက် အမေဆိုတော့လည်း မရှက်နိုင်ဘူးလေ။ များများသီးပွင့်ပါစေ။

ဒါနဲ့ နွေဦးတုန်းက ပွင့်တဲ့ ကျူးလစ်ကလေးက ဥတွေအများကြီးဥနေတယ်။ စိတ်မကောင်းပေမယ့် ဟင်းသီးဟင်းရွက်ပင်တွေစိုက်ဖို့ နေရာမရှိလို့ အကုန်တူးထုတ်ပစ်လိုက်တယ်။
